တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဧပြီ - ၆
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ရှိ ဓာတ်စွမ်းဟုန်ဘုန်းတော်ကြီးကျောင်း၊ ကံ့ကော်မြို့ ဘုန်းတော်ကြီးကျောင်း၊ ကောင်းမှုလျှံ ဘုန်းတော်ကြီးကျောင်းနှင့် ဆိုက်ခေါင်ဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာရှိ နွယ်ခွေရွာဦးကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာရှိ သဲအင်းဂူဗဟိုဌာနချုပ်ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသ ကြီး၊ ဖျာပုံမြို့၊ ဒေးစွန်ပါစေတော်ဝင်ကျောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ စွယ်တော် ဘုန်းတော်ကြီးကျောင်းတိုက်၊ တောင်ကုတ်မြို့၊ သဒ္ဒမ္မရောင်ရှိန် ဘုန်းတော်ကြီး ကျောင်း တိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ရွှေမြင်တင် ကျောင်းတိုက်၊ ပြင်ဦးလွင်မြို့၊ ပုညကာရီခဲလယ်ဘုန်းတော်ကြီးကျောင်း၊ သန္တိသုခ ဘုန်းတော်ကြီးကျောင်း၊ သုံးတောင်ကျောင်းတိုက်၊ မဟိန္ဒာယာမ(မိုးညိုကျောင်းတိုက်) တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြပြီး ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့ အောက်ရွာရှိ ရှေးဟောင်းသမိုင်းဝင် မဟာဆူး မြတ်စွာဘုရား၊ ရွှေဘုန်းပွင့်စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက အလှူငွေများ သွားရောက်လှူဒါန်းပြီး အောက်ရွာဘုန်းတော်ကြီး ကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။