တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 
နေပြည်တော်၊ ဧပြီ - ၂၅

 
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဖားကူးအနောက်ကျေးရွာရှိ အနောက်ကျောင်းကြီးကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ အင်းတန်ကျေးရွာရှိ စံပယ်ခြံတပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မဏိရံသီရိပ်သာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းတိုက်၊ ဘူးသီးတောင်မြို့ရှိ မြစေတီတပ်ဦးကျောင်းတိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ ထန်ပါခွေထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ လူးခင်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ သာစည် မြို့နယ်၊ ရေပေါင်းစုံကျေးရွာရှိ ရေပေါင်းစုံတပ်ဦးဘုန်းတော်ကြီးကျောင်းနှင့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ရှိ ဓမ္မပါလတရားရိပ်သာ ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။