တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ မတ် - ၁၆
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ရှိ မြို့မတပ်ဦးဘုန်းတော်ကြီးကျောင်း၊ မိုင်းဆတ်မြို့ရှိ မဟာမြတ်မုနိကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်ရှိ တညင်းကုန်းကျောင်း တိုက်၊ မှော်ဘီမြို့နယ်၊ အင်းတန် ကျေးရွာရှိ မဟာရတနာလေထီးတပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သိုက်ကြီးကုန်းကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ တောင်လမော် ဘုန်းတော်ကြီးကျောင်း၊ တောရဘုန်းတော်ကြီး ကျောင်းတိုက်၊ တောင်ကုတ်မြို့၊ ရန်ခေါ်ဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ အမတဘောဇနသုခကျောင်းတိုက်၊ မြင်းခြံမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ သာသနာ့မဥ္ဇူ ဘုန်းတော်ကြီးကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ဇေယျသုခဘုန်းတော်ကြီး ကျောင်းတိုက်၌ သိမ်တော်တည်ဆောက်ရန်အတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များက အလှူငွေကျပ်(၂၆)သိန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။