တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မေ - ၁၀

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၉ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ မြို့ဦးကျောင်းတိုက်၊ မဟာမြတ်မုနိကျောင်းတိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးသဗ္ဗညုကျောင်း၊ ကံ့ကော်မြိုင်ကျောင်းတိုက်၊ ဝိန်းနေ ဘုန်းကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ ကျိုက်ဒေး စတိုးဘုရားကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လိပ်ဥကုန်း(စံပြ) ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လက်ဝဲတစ်လုံးတော် ဘုန်းတော်ကြီး ကျောင်း၊ မြောက်ဦးမြို့ရှိ တပ်ဦးဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ ရန်ခေါ် ဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်ရှိ သန္တိ သုခတပ်ဦးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ သာသနာ့ဗိမာန် တော်ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ နေလပရိယတ္တိစာသင် တိုက်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ မှန်ပင်ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များ၊ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲဖြေဆိုလျက်ရှိသည့် ရဟန်းသံဃာ၊ သာမဏေ များနှင့် သာသနာနွယ်ဝင်သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့အများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဓမ္မဗိမာန်ကျောင်းတိုက်၌ အသံ မစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်စဉ်ကာလအတွင်း ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ အမယ်(၄)မျိုး၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ကြ မည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။