တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မတ် - ၁၈

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်း မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၊ ကျိုင်းတုံမြို့ရှိ ပုဗ္ဗါရုံကျောင်းတိုက်၊ မွန်ပြည်နယ်၊ သထုံမြို့ရှိ ပဉ္စဂီရိချမ်းမြေ့ စည်သီလရှင်ကျောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုရှိ ဒေါကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒါးပိန်ကျေးရွာရှိ သဒ္ဒါအောင်ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဓမ္မပါလကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဇေတဝန်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စပ်စီကျေးရွာ ဘုန်းတော် ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်းနှင့် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၊ သံတွဲမြို့ရှိ အောင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့ရှိ ယပ်လှဲပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ရှိ မဟာစိတ္တသုခကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာဇံမြို့နယ်၊ မန္တလေးတောင်ခြေရှိ အတုလဝတီ သီလရှင်စာသင်တိုက်၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မူယာပင်ရပ်ကွက်ရှိ အောင်မြေသာယာ ကျွန်းတော ဘုန်းတော်ကြီးကျောင်းနှင့် ပေါင်းတည်မြို့၊ ညောင်ပင်ကုန်းကျေးရွာရှိ ညောင်ပင်ကုန်း ကင်မွန်းခြုံဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။