တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မေ - ၃၀

        ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

        ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ သက္ကဝတီကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ အေးမေတ္တာကျေးရွာရှိ ဆုထူးပန်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရွှေမစိုးရိမ်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ အောင်မင်္ဂလာတပ်ဦး ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ၊ မင်္ဂလာဦးဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကံသာယာဘုန်းတော်ကြီးကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝဒေးရပ်ကွက်ရှိ ဝင်္ကဘာတောရဘုန်းတော်ကြီးကျောင်းတို့ရှိ သံဃာတော်များ နှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဇမ္ဗူအေးအေတီတပ်ဦး ပရိယတ္တိစာသင်တိုက်အတွင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုနှင့် မဟာဇေယျသိဒ္ဓိဆုတောင်းပြည့်စေတီတော်မြတ်ကြီး တည်ဆောက်နေမှုတို့အတွက် အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုက်ရာ တာဝန်ရှိသူများက စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဥတ္တမ ထံသို့ ဆက်ကပ်လှူဒါန်းပြီး စာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။