တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇွန် - ၃
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လင်းခေးမြို့ရှိ မဟာမြတ်မုနိစာသင်တိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ ပတ္တမြားကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အလံတပိုကျေးရွာရှိ သရက်တောကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ညောင်လေးပင် ကျေးရွာရှိ ညောင်လေးပင်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပိတောက် ကုန်းကျေးရွာရှိ၊ ရတနာအလင်းရောင် YGW ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ရွာသစ်ကုန်းကျေးရွာရှိ YGW ကလေးများစောင့်ရှောက်ရေးကျောင်း၊ ကန်ကြီး ထောင့် မြို့ရှိ ရတနာလင်္ကာရကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လက်ဝဲသလုံးတော် ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း၊ ရတနာ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ပိတောက်ပင် ကျေးရွာရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူ ငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။