တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၉

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရှိ မင်္ဂလာရန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှိ ကံ့ကော်မြိုင်ဘုန်းတော်ကြီးကျောင်း၊ ကောင်းမှုလျှံဘုန်းတော်ကြီးကျောင်း၊ ဓာတ်စွမ်းဟုန်ဘုန်းတော်ကြီးကျောင်း၊ မွန်ပြည် နယ်၊ သထုံမြို့ရှိ ပုဗ္ဗါရုံပရိယတ္တိစာသင်တိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ ငွေလှိုင်း ဖွေးအေးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဇဗ္ဗူအောင်ပန်းကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့ရှိ ဇေယျဝတီကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ စေတျာရာမ ဘုန်းတော်ကြီးကျောင်း၊ မင်းပြားမြို့ရှိ ဆင်ကြီးပြင်ဘုန်းတော်ကြီးကျောင်း၊ ဘူးသီး တောင်မြို့ရှိ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ကံကူပြည့်ဝိပသီကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေး မြို့နယ်ရှိ ဂွေးတောက်စန်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရေနံချောင်းမြို့နယ်ရှိ ဆားတိုင်ဘုန်းတော်ကြီးကျောင်းနှင့် စကုမြို့နယ်ရှိ ဂူကြီးဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းပြီး နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။