တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 
နေပြည်တော်၊ ဇူလိုင် - ၁၄

 
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့ ရှိ မိုင်းနှုန်းနှီးဘုရား၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဘာဣစ္ဆာသယပရိယတ္တိကျောင်း တိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ရှိ ကျီးမနိုးတောရကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့ရှိ မှဏ်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ ထိန်ကုန်းရပ်ကွက်ရှိ မုံရွေးဘုန်းတော်ကြီးကျောင်း၊ နတ်ရေကန်ရပ်ကွက်ရှိ နတ်ရေကန်(မြောက်)ဘုန်းတော်ကြီးကျောင်း၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေဘိုရာမ ကျောင်းတိုက်၊ ဥပုသ်တော်ရပ်ကွက်ရှိ ဇေယျသိဒ္ဓိစာသင်တိုက်၊ ရတနာပုံကျောင်းတိုက်၊ ပညာမဂ္ဂံကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာရပ်ကွက်ရှိ ပုပ္ပါးဘုန်းတော် ကြီးကျောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ထီးတော်မိုးကျေးရွာရှိ ညောင်ပင်ကျောင်းတိုက်၊ လင်းမြွေချောင်းကျေးရွာရှိ ကျောက်စက်ကွေ့ဘုန်းတော်ကြီးကျောင်းနှင့် ချမ်းအေးသာစံ မြို့နယ်ရှိ အနီဃာသီလရှင်စာသင်တိုက်တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။