တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁၆
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်ရှိ အနန်းပင်တောရကျောင်းတိုက်၊ ရွှေဉမင်တောရရိပ်သာကျောင်း တိုက်၊ ရွှေဉမင်စာသင်တိုက်၊ ကြံခင်းစုရပ်ကွက်ရှိ မြတောင်ညိုကျောင်းတိုက်၊ သုခိတာရုံ ကျောင်းတိုက်၊ စမ်းချောင်းကျောင်းတိုက်၊ အမှတ်(၂/ခ)ရပ်ကွက်ရှိ ပန်းခြံကုန်း ကျောင်းတိုက်၊ တွံတေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာရှိ ရန်ကြီးအောင်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ကန်တော်မင်္ဂလာကျောင်းတိုက်၊ ရခိုင်ပြည်နယ်, ဘူးသီးတောင်မြို့၊ အေးစေတီဘုန်းတော်ကြီးကျောင်းနှင့် သီရိမင်္ဂလာရွာမပရဟိတ ပညာဒါနကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆေးတစ်လုံး ကျေးရွာရှိ ဆေးတစ်လုံးဘုန်းတော်ကြီးကျောင်း၊ ရွှေသင်းကျေးရွာရှိ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာရှိ ချောင်းကြီး ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများ၊ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။