မုန်း၍မဟူ
မန်နေ့မှအဆက်
ဦးစောဟန်သည် လက်ကိုင်ပဝါကို ဘောင်းဘီအိတ်ထဲသို့ သွင်းလျက် “ဝေေဝ့မေမေပဲလို့ ထင်မိတယ်။ စပ်စုတယ် မအောက်မေ့နဲ့နော်”ဟုပြောကာမီးခြစ်ကိုနှိုက်ယူပြီး စီးကရက်ကို ညှိလိုက်သည်။
“မအောက်မေ့ပါဘူး”စီးကရက်ကို ဖွာရှိုက်လျက် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ဣန္ဒြေကြီးနှင့်ဆက်ပြောလေသည်။
“အမေက ဆုံးသွားသလား”ဝေေ၀သည် မျက်တောင်ကလေးစင်းလျက်အဖြေပေးရန်ဆုတ်ဆိုင်းနေပြီးနောက် ဦးစောဟန် အား ဖျက်ခနဲလှမ်းကြည့်လိုက်ကာ ပြုံးလိုက်လေသည်။ မချိပြုံးပြုံးမိ၍ ဝမ်းနည်းရိပ်သန်းထားသော မျက်နှာမှာ ပေါ်နေလေသည်။
“ဝေေဝ့ အမေကရှိပါတယ်။ စစ်ကိုင်းမှာမယ်သီလရှင်ဝတ်နေပါတယ်။ ငါးနှစ်ရှိပြီ...။ဒါကြောင့် ဝေေ၀ ကျောင်း ဆက်မနေရပါဘူး။ဖေဖေ့အလုပ်တွေ ဝေေ၀ပဲ ကူညီလုပ်ပေးပါတယ်” ဝေေ၀သည် ပြောပြီး မျက်နှာလွှဲလိုက်သည်။
ဦးစောဟန်မှာ ဝေေဝ့အား တစိမ့်စိမ့်ကြည့်လျက်ငြိမ်သက်နေလေသည်။
ငြိမ်သက်နေသော်လည်း ရင်ထဲမူ လှုပ်ရှားနေ၏။ ခြောက်သွေ့နေရှာသော ဝေေ၀၏ဘဝကိုမေတ္တာရေတစ်စက်စက် သွန်းလောင်းချကြည့်နေသည်။ ဝေေ၀၏ရင်ထဲမှ အသည်းနှလုံးသည်လန်းစိုကာ ရွှင်ပျကြည်မြူးနေသည့် သဏ္ဌာန်မှာ မှုန်မှုန်ရေးလှုပ်ရှားနေလျက် ချစ်ဖွယ်ကောင်းလှပေသည်။
“သြော်...ဘယ်တုန်းက ရောက်နေပါသလဲ”
ဒေါ်သက် အိမ်ရှေ့သို့ထွက်လာသည်။
ဦးစောဟန်တို့ အနားသို့မလာဘဲ ခပ်လှမ်းလှမ်းကပင် ရပ်နှုတ်ဆက်နေသည်။
ဦးစောဟန်သည် ကုလားထိုင်မှ ထရပ်လိုက်သည်။
“ခုနကပဲ ရောက်ပါတယ် ဒေါ်ဒေါ်၊ ဦးသတင်း ကြားရတာ စိတ်မကောင်းပါဘူး”ဦးစောဟန်ပြောပြီး ပြန်ထိုင်လိုက်သည်။
“ကောက်ရသလိုပဲ၊ မနက်ကမှဖြစ်တာ၊ဆရာဝန်က စိတ်မပူရပါဘူးတဲ့”
“ဟုတ်ကဲ့”ဒေါ်သက်သည် ဆက်ပြီး စကားပြောချင်သေးသည်။
ဦးစောဟန်က ဝေေ၀ဘက်သို့လှည့်သွား၍
“မပြန်ပါနဲ့ဦး၊ ကော်ဖီသောက်သွားပါ”ဟုပြောဖြစ်အောင် ပြောလိုက်သည်။
“မလုပ်ပါနဲ့ ဒေါ်ဒေါ်၊ ကျွန်တော် ညနေမှသောက်ပါတယ်၊ နေပါစေ”ဝေေ၀သည် ဦးစောဟန်အား အကျွေးအမွေး နှင့်ဧည့်ခံဖို့ရာ သတိရလျက် ဝန်လေးနေသည်။
ဝေေ၀တို့မှာ ဘယ်ကဧည့်သည်လာလာ အချိန်မရွေးကော်ဖီတိုက်တတ်သည်။ သည်ဧည့်သည်တစ်ယောက်ပင် ကော်ဖီမတိုက်ရမှန်းအမှတ်ထားရသည်။
“တုန်ကင်း အမြန်ရဖို့ စီစဉ်ပေးမယ်၊ ဝေဝေအလုပ်လုပ်နေတာ အနှောင့်အယှက်ပေးမိတယ်၊ ဝေေ၀က ငယ်ပေမယ့် မိဘကို ကူညီနိုင်တယ်။ လိမ္မာပါတယ်ကွယ်၊ ပြန်ဦးမယ်နော်”ဦးစောဟန်သည် ဒေါ်သက်ကို နှုတ်ဆက်လျက် ထွက်သွားသည်။
ကြားလိုဇောဖြင့် ပျာလောင်ခတ်အနားသို့ရောက်လာသော ဒေါ်သက်ကိုပြုံးကြည့်လျက် “ကြီးတော် လိုက်ကာ နောက်မှာ ရပ်နေတာဝေေ၀သိပါတယ်” ဟု ပြောလိုက်ကာ ဝေေ၀သည်အသံအုပ်၍ လှိုက်လှိုက်လှဲလှဲ ရယ်မော နေလေသည်။
နံနက် နေခြည်ဖြစ်၍ ဝင်းပနေပေသည်။ဝေေ၀သည် ပြတင်းတံခါးများကို လျှောက်ဖွင့်ကာ အပြင်ဘက်သို့ မျှော်ကြည့်သည်။ အိမ်ခေါင်းရင်း သရက်ပင်ခွ၌ ဆွဲချိတ်ထားသောအောက်သို့တွဲလောင်းကျ နေသည့်ဖယောင်းပန်း လက်တံရှည်တို့သည် လေတွင်ညွတ်လျက် ယိမ်းနေပေသည်။
လှပသောနံနက်ဖြစ်သည်။ သရက်ပင်ပေါ်၌ခိုတွေနားနေကြကာ အချင်းချင်းတွတ်တွတ်ထိုးလျက် တစ်ကောင့်ခေါင်း တစ်ကောင်ဆိတ်နေကြသည်။ ပြွတ်နေအောင် သီးသောသရက်သီးများမှာ အလုံးတော်တော်ကြီးနေလေပြီ။
ပြတင်းမှဝင်လာသော နေရောင်ခြည်ကိုပြန်လှည့်ကြည့်လိုက်သည်။ ငွေရောင်ရွှန်းသောနေခြည်ကိုလည်းကောင်း၊ ပေါလစ်ရောင်ပြေးလျက် သစ်လွင်တောက်ပသောစားပွဲကုလားထိုင်များကိုလည်းကောင်း နှစ်သက်ကျေနပ်ဟန်ဖြင့် ရွှင်လန်းသွားလေသည်။
အစ်ကိုကြီး ရန်ကုန်သွားခါနီး လိုချင်တာမှာလိုက်ဟု လာပြောသည်။ ဝေေ၀သည် မြို့ပိုင်အိမ်တွင် မြင်ခဲ့ရသော ဧည့်ခန်းကုလားထိုင်ပုပုကလေးတွေကို မျက်စိကျခဲ့၍ ကုလားထိုင်တစ်စုံဝယ်ခဲ့ရန် ပူဆာလိုက်သည်။
ညက မယ်အေးနှင့်နှစ်ယောက် အိမ်ရှေ့ခန်းကို ညဉ့်နက်သည်အထိ ကြမ်းတိုက်ကြသည်။ကြမ်းကို လက်ပြောင်နေအောင် ရေနံဆီ၊ ဖယောင်းထည့်လျက် လက်မောင်းပြုတ်မတတ်တိုက်ရလေသည်။ မနက်စောစော အစ်ကိုကြီးရောက်လျှင် စားပွဲ ကုလားထိုင်များ ပါလာမည်မို့ အဆင်သင့်ခင်းနိုင်လေအောင် ကြိုးစားပမ်းစားတိုက်ထားသည်။
ကျောက်စားပွဲနှင့် ကုလားထိုင်များကို လိုက်ကာကွယ်ထားသောအလယ်ခန်းမသို့ပို့လျက်ထမင်းစားပွဲလုပ်လိုက်သည်။ စားပွဲကုလားထိုင်နှင့်ထမင်းစားတော့မည်။ တစ်ဖက်အိမ်ပေါ်ကစီးကြည့်လျှင် စားပွဲဝိုင်းတွင် သင်ဖြူးခင်းစားနေကြတာ အတိုင်းသားမြင်နိုင်၍ ဦးစောဟန်ပြောင်းလာပြီးမှ ထမင်းစားရတာမလုံသလိုဖြစ်ခဲ့သည်။ ခုမှပဲ ရဲရဲစားရတော့မည်။
ဒေါ်သက်မှာ နှစ်ရက်လုံးလုံး ဆက်၍စက်ပေါ်၌ထိုင်ကာ ပေါ်ပလင်ခန်းဆီးများ အပြီးချုပ်ပေးရသည်။ ဦးစောဟန်အိမ်၌ တပ်ထားသောပြတင်းခန်းဆီးပုံအတိုင်း ပြတင်းပေါက်တစ်ဝက်ခန်းဆီးအတိုချုပ်ကြသည်။
ဝေေ၀သည် ကြမ်းတိုက်ပြီး ခန်းဆီးများကိုအောက်ထပ်ပြတင်းပေါက်စေ့တပ်ဆင်ထားလိုက်သည်။ နံနက်ကုလားထိုင် များရောက်လျှင် အရန်သင့်ဖြစ်နေအောင် အပြီးလုပ်ထားပြီးနောက် နံနက်စောစောကြီးထရန် နှိုးစက်ပေး အိပ်လေသည်။
နှိုးစက်မမြည်မီ အိပ်ရာက ထခဲ့သည်။ အိမ်အောက်သို့ မယ်အေးနှင့်နှစ်ယောက်ဆင်းခဲ့ကြသည်။ ကြမ်းကို ပြောင်မှ ပြောင်ရဲ့လားဟုမီးဖွင့်ကြည့်လိုက်လေသည်။
ဆက်လက်ဖော်ပြပါမည် …