(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း

 (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

            ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ စုပေါင်းသွေးလှူဒါန်းကြသည်။

            အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိဌာနကြီးများနှင့် တပ်ဖွဲ့ အသီးသီးမှ တပ်ဖွဲ့ဝင် ၁၃၀ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြရာ သွေးလှူရှင်တပ်ဖွဲ့ဝင်များအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်(ကိုယ်စား) ရဲထောက်ချုပ် ရဲမှူးချုပ် မြင့်တိုးနှင့် ရဲအရာရှိကြီးများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။