ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်
နေပြည်တော်၊ ဇူလိုင် - ၄
ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆုရရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ပေါင်းစုံညီညာအမျိုးသမီးရေးရာ သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာနှင့် ၄ ဘာသာဂုဏ်ထူးရရှိ ကြသူများ၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ်ပြိုင်ပွဲ၊ ဂေါက်သီး၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကြက်ခြေနီ ထူးခွန်၊ မီးသတ်ထူးချွန်နှင့် သွေးလှူဒါန်းမှုအများဆုံး လှူဒါန်းခဲ့သူများအား ဂုဏ်ပြုဆု များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
၎င်းနောက် ပြည်နယ်/တိုင်း ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ်ပြိုင်ပွဲတွင် တံခွန်စိုက် ဆုရရှိခဲ့သည့် ပြည်နယ်ကိုယ်စားပြုအေရိုးဗစ်အဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ တို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ တိုင်းမှူးနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အိမ်တွင်းမှုသင်တန်း ကျောင်းမှ လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။