နေပြည်တော်၊ ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စပ်စံထွန်းလမ်း၊ အမှတ်(၂)ဈေးထိပ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆူပူအကြမ်းဖက်သူအင်အား ၂၀ ဦးခန့်မှ ဆူပူအော်ဟစ်ကာ ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရာ နံနက် ၁၀ နာရီအချိန် တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ နေသူရိန် (ခ)စီးဖိန် (၂၂)နှစ် (ဘ)ဦးစိုးနိုင်ပါ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
အလားတူ ညနေ ၄ နာရီ ၅၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ (၇၇)လမ်းနှင့် အမှတ်(၉−ဘီ)လမ်းရှိ ရဲတပ်ဖွဲ့ဝင် ၁ ဦး၏ မိဘများနေထိုင် သော အိမ်ရှေ့သို့ ဦးဆောင်သူ (စိစစ်ဆဲ)ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၃၀ ဦးခန့်မှ ဆိုင်ကယ် ၁၅ စီးဖြင့်ရောက်ရှိလာကာ ဒလံအိမ်ဟု ပြောဆိုစွပ်စွဲကာ အော်ဟစ်ဆဲဆို ဆူပူသောင်း ကျန်းနေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ၄ နာရီ ၅၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူ လူအုပ်စုအတွင်းမှ ဖြိုးနိုင်ဇင်လတ် (၁၇)နှစ် (ဘ)ဦးမင်းဆွေလတ်ပါ အမျိုးသား ၃ ဦးအား ဆိုင်ကယ် ၁ စီး၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ ပြား၊ မီးခြစ် ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။