ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆူပူအကြမ်းဖက်မှုဖြစ်ပွားမှုသတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆူပူအကြမ်းဖက်မှုဖြစ်ပွားမှုသတင်း

နေပြည်တော်၊ မတ်လ ၈ ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ တပင်ရွှေထီးလမ်းမပေါ်တွင် လုံခြုံရေးဆောင်ရွက်နေစဉ် အောင်နန်းချပ်ကျောင်း ဝင်းအတွင်းတွင် ဆူပူဆန္ဒပြလိုသူ အင်အား(၂၅၀)ကျော်ခန့်စတင်စုဝေးကာ တပင်ရွှေထီး လမ်းပေါ်သို့ တက်ရောက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလူစုခွဲရန် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ အသိပေးဆောင်ရွက်ခဲ့သော်လည်း ဆူပူသူလူအုပ်စုမှ အတားအဆီးများ ချ၍လမ်းပိတ်ဆို့ခြင်း၊ ကျောက်တုံး၊ ကျောက်ခဲ့များ၊ လေးဂွများ၊ တူမီးသေနတ်(ဒေသလုပ်) ကျည်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၅)ဦးဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ရာ ဆူပူဆန္ဒပြသူများထဲမှ ကျား(၄၆)ဦး၊ မ(၄၅)ဦး၊ စုစုပေါင်း(၉၁)ဦး ဖမ်းဆီးရမိ ခဲ့ကာ ကျန်ဆူပူအကြမ်းဖက်သူများ လူစုခွဲသွားခဲ့ပါသည်။
    
အဆိုပါဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများထဲမှ (၅)ဦးခန့် ဒဏ်ရာရရှိကြောင်း သိရှိရ သဖြင့် ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။