ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်
နေပြည်တော်၊ ဇွန် - ၂၇
ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများနှင့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူ ဟောင်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က သပြေဘူတပျိုးပင် အား ဦးဆောင်စိုက်ပျိုးပေးသည်။ ထို့နောက် တက်ရောက်လာကြသူများက မြစ်ကြီးနား တက္ကသိုလ်လမ်းမကြီးနှင့် မန်ခိန်- ရွှေစက်လမ်းမကြီးတစ်လျှောက်၌ စင်္ကာပူချယ်ရီ၊ ဂျပန်ချယ်ရီ၊ သပြေဘူတ၊ စိန်ပန်းနီ၊ နွယ်သာကီ၊ ပန်းအိ၊ ခရာဝါ၊ စက္ကူပန်း စသည့်ပျိုးပင် ၁၅၇၅ ပင်ကို စုပေါင်းစိုက်ပျိုးပေးကြသည်။ ထိုသို့ စိုက်ပျိုးပေးနေမှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။