ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေး၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဇွန် - ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးပိုင်းလမ်း၊ မြို့မဈေး၌ ဇွန် ၁ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် ဦးမြင့်စန်း၏ ကုန်စုံဆိုင်မှ တစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဆိုင်ခန်း ၁၇၅ ခန်း၊ အနီးရှိနေအိမ် ၃ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း ၍ အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။