ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစဉ်အရေအတွက်နှစ်ဆခန့်တိုးမြင့်လာစေရေး ပြိုင်ပွဲဝင်အသင်းအရေအတွက် များလာရန် ပြင်ဆင်နေ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပွဲစဉ်အရေအတွက်နှစ်ဆခန့် တိုးမြင့် လာစေရေး ပြိုင်ပွဲဝင်အသင်းအရေအတွက်များလာ ရန် ပြင်ဆင်နေကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လက်ရှိအချိန်ထိ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၃၂ သင်းဖြင့် ရှစ်အုပ်စုခွဲကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပွဲစဉ်အရေအတွက်  တိုးမြင့်လာစေရေး ပြိုင်ပွဲဝင်အသင်း  ၄၈ သင်းအထိ  တိုးမြှင့်ကျင်းပရန်  ပြင်ဆင်နေခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပြိုင်ပွဲပုံစံပြောင်းလဲ ကျင်းပမည့်စနစ်အရ ပြိုင်ပွဲဝင်အသင်း ၄၈ သင်းကို လေးသင်းပါ ၁၂ အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ကာ အုပ်စု ၁၂ ခုမှ ပထမနှင့်ဒုတိယနေရာမှ အသင်းနှစ်သင်းနှင့် အကောင်းဆုံးအုပ်စုတတိယနေရာ၌   ရပ်တည်နိုင်သည့် အသင်းရှစ်သင်းအနေဖြင့်  ရှုံးထွက်အဆင့်သို့ တက်ရောက်ရမည် ဖြစ်သည်။

လက်ရှိကျင်းပနေသည့်စနစ်အရ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် အုပ်စုပွဲစဉ်မှ ဗိုလ်လုပွဲအထိ စုစုပေါင်းပွဲစဉ်အရေ အတွက် ၆၄ ပွဲသာရှိပြီး ပြောင်းလဲကျင်းပမည့်စနစ် သစ်အရ ၄၈ သင်းပါဝင်မည်ဖြစ်သည့်အတွက် ပွဲစဉ် အရေအတွက် ၁၀၄ ပွဲအထိရှိလာမည်ဖြစ်ကာ နှစ်ဆ ခန့်အထိ တိုးမြင့်လာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါစနစ်ကို အတည်ပြုခြင်း မရှိသေးသော်လည်း    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က မကြာမီ  တရားဝင်ဆွေးနွေးမှုများ  ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

Ref;FIFA.Com