ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ အလုပ်သဘောခရီးရောက်ရှိ

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ အလုပ်သဘောခရီးရောက်ရှိ

နေပြည်တော် ဇန်နဝါရီ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့နံနက် ပိုင်းတွင် အထူးလေယာဉ်ဖြင့်နေပြည်တော်သို့ ရောက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna တို့က အထူးလေယာဉ်ပေါ်၌ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် နှင့်တာဝန်ရှိသူများကဂုဏ်ပြု တပ်ဖွဲ့နှင့်အတူ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံမှလှူဒါန်းသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများအား ကမ္ဘောဒီးယားဝန်ကြီးချုပ်က လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ယနေ့တွင်ကိုဗစ် -၁၉ ရောဂါဆိုင်ရာ ကာကွယ် ရေးပစ္စည်းများဖြစ်သည့် Face Mask ၃ သန်း၊ N- 95 Mask ၂ သိန်း၊ Goggle တစ်သိန်း၊ PPE ဝတ်စုံ ၃ သောင်း၊ Face Shield ၃ သောင်း၊ Safety Plastic Boots PR ၃ ထောင်၊ Ventilator Machine Unit ၅၀၊ Patient Monitor + accessories Unit ၅၀၊ Oxygen Concentrator Unit ၅၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။