ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၈
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဓမ္မာရုံ၌ပြုလုပ်ရာ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ လှည်းဘီးကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာသန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှည်းဘီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြကာ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြိတ်မြို့၊ ကန်သာကျောင်း တိုက် ဆရာတော် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ထံမှ အနုမောဒနာတရားနာယူကြပြီး သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။