ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်
 
နေပြည်တော်၊ ဩဂုတ် - ၂၁
 

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစား မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင် အဖွဲ့ဝင်များ၊ အသင်းလိုက်ဆုများ၊ တစ်ဦးချင်းဆုများနှင့် ဒိုင်းဆုရရှိသော အသင်း တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ကြသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် ဩဂုတ် ၁၁ ရက်မှ ယနေ့အထိ ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။