ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲနှင့် မြိတ်ခရိုင် ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲနှင့် မြိတ်ခရိုင် ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၂

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ နှင့် မြိတ်ခရိုင်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ခဲ့ပြီး တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုကို မြိတ်တပ်နယ်အသင်းကလည်းကောင်း၊ ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုကိုမြိတ်(က)အသင်းကလည်းကောင်း အသီးသီး ရရှိသွား ကြောင်း သိရှိရသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ လူသစ် တန်းပြိုင်ပွဲ၊ အလွတ်တန်းပြိုင်ပွဲနှင့် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အကောင်းဆုံးကစားသမားဆုရရှိကြ သူများ၊ အသင်းလိုက်ပထမဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် မြိတ်တပ်နယ်အသင်းနှင့် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့်မြိတ် (က)အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။