ကယားပြည်နယ်ရှိ KNPP နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က ရှားတောမြို့နယ် ရှားတော-လွိုင်ကော်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ကယားပြည်နယ်ရှိ KNPP နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က ရှားတောမြို့နယ် ရှားတော-လွိုင်ကော်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ ၃

ကယားပြည်နယ်ရှိ KNPP နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က ရှားတောမြို့နယ်၊ ရှားတော-လွိုင်ကော် သွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ရှားတောမြို့နယ်၊ ရှားတော-လွိုင်ကော်သွားကားလမ်း မိုင်တိုင်အမှတ် ၃၉ ကီလိုမီတာအနီးတွင် တည်ဆောက်ထားသည့် အရှည်ပေ ၆၀ ရှိ သံကူကွန်ကရစ်တံတားအား KNPPနှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားကြမ်းခင်းအလယ်၌ ၈ ပေပတ်လည်ခန့် ပွင့်ထွက်ပျက်စီး ခဲ့ပါသည်။
ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တံတားပျက်စီး ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွာလာ၍ မရကြောင်းနှင့် အဆိုပါတံတားအား အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။