ကယားပြည်နယ်အတွင်း အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ခေတ္တတိမ်းရှောင်နေကြသည့် ပြည်သူများ စားရေးအဆင်ပြေစေရန် ဆန်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်

ကယားပြည်နယ်အတွင်း အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ခေတ္တတိမ်းရှောင်နေကြသည့် ပြည်သူများ စားရေးအဆင်ပြေစေရန် ဆန်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ- ၆

ကယားပြည်နယ်အတွင်း အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှု များကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ဥတ္တရုံဘုန်းတော်ကြီးကျောင်း၊ ဓမ္မဂုဏ်ရည်(မြကလပ်) ကျောင်းနှင့် မစိုးရိမ်ဘုန်းတော်ကြီးကျောင်းတို့တွင် ခေတ္တတိမ်းရှောင်နေကြသည့် ပြည်သူများနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် ယနေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စု ၁ စုလျှင် ဆန် ၂ ပြည်နှင့် စားသောက်ဖွယ်ရာများအား ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။