ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု များကျူးလွန်

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု များကျူးလွန်

 
နေပြည်တော်၊ ဇန်နဝါရီ - ၁၂

 
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိအစိုးရနည်းပညာတက္ကသိုလ် (GTU)နှင့် ဗုဒ္ဓဥယျာဉ်တစ်ဝိုက် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ စိမ့်ဝင်ရောက်ရှိနေကြောင်း အကြမ်းဖက်အဖွဲ့အစည်းများကို မလိုလား၊ လက်မခံသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖော်ထုတ်ချေမှုန်းရေး လုပ်ငန်းများဆောင်ရွက် ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် လူနေအဆောက်အဦများ၊ အစိုးရ အဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူ၍ လည်းကောင်း၊ ရပ်ကွက်အတွင်းရှိဒေသခံများအား အန္တရာယ်အတွင်းမှဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုအောက်ရောက်ရှိစေခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လူသားတံတိုင်း အဖြစ် အသုံးပြုခံရသည့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရမှုမရှိစေခြင်းငှာ အတက်နိုင်ဆုံးရန်သူ ပစ်မှတ်များကိုသာ အနည်းဆုံးပစ်အားအသုံးပြု၍ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့သို့ထိတွေ့မှုရှိနေစဉ်အတွင်း ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းနှင့် ယနေ့နံနက်ပိုင်း တို့တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် လွိုင်ကော်အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား/သူများ ထိခိုက်ဒဏ်ရာရရှိစေပြီး မြို့အတွင်း၌ ဖရိုဖရဲဖြင့် ဆူပူမှု များဖြစ်စေရေးအတွက် လူနေရပ်ကွက်များအတွင်း နေရာ ၃ နေရာခွဲ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် အကြောင်းမဲ့အကျဉ်းထောင်အား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့ရာ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းနှင့် ယနေ့ နေ့လည်ပိုင်းတို့တွင် အပစ်အခတ်ရပ်တန့်လျက် အနောက်ဘက်နှင့်အရှေ့တောင် ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ထို့သို့ အကြမ်းဖက်အုပ်စုနှင့် လက်နက်ကိုင် သောင်းကျန်းသူများဆုတ်ခွာမှုကို သိလျှင်သိချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ပိုင်းဖြတ်ပစ်ခတ် ခဲ့သည်။
ထို့ပြင် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ယနေ့ မွန်းလွဲပိုင်းတွင်လည်း မှုံပြာကျေးရွာ၊ ဘာဒိုကျေးရွာ၊ ဘုရားဖြူကျေးရွာများဘက်မှ စိုက်ခင်းများနှင့် လမ်းကြောင်းများကိုအသုံးပြု၍ အင်အားအလုံးအရင်းထပ်မံ ဖြည့်တင်း လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူ များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်အဖွဲ့များ ဖရိုဖရဲဖြင့် တောင်ဘက်နှင့် အနောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်များတွင် ဒေသခံပြည်သူများထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အစိုးရအဆောက် အဦ တချို့နှင့်အကျဉ်းထောင်မှ အိပ်ဆောင်တချို့ထိခိုက်ပျက်စီးခဲ့သည်။
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အဆိုပါလုပ်ရပ်များ သည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင် သည့် အဆောက်အဦ၊ ပညာရေးဆိုင်ရာအဆောက်အဦများနှင့် လူနေရပ်ကွက် အဆောက်အဦများကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲတွင် ဒေသခံပြည်သူများကို အသက်အန္တရာယ်ဇုံမှကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့် အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေး ရည်ရွယ်ချက်အတွက် အသုံးပြု ထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် အပြစ်ကြွေးချွေးဖြင့်ဆက်လျက်ရှိသော အကျဉ်းသား/သူ ရာဂဏန်းမျှရှိသည့် နယ်ဘက်အကျဉ်းထောင်ကို ရည်ရွယ်ချက် ရှိစွာဖြင့် ဦးတည်တိုက်ခိုက်ခြင်းဖြစ်၍ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှု များအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့ အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။