ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဆန္ဒထုတ်ဖော်နေသည့် ရဲတပ်ဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သန္ဓေရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ  အလုပ်အကိုင် အခွင့်အလမ်းအတွက် ဒေသခံများအား စုဖွဲ့ ခန့်အပ်ထားသူများသာဖြစ်

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မြို့နယ်မီးပွိုင့်အနီး၊ ဆူပူဆန္ဒပြနေသည့် နေရာသို့ ယနေ့နံနက် ၁ဝ နာရီခန့်တွင် ရဲယူနီဖောင်း အပြည့်အစုံ ဝတ်ထားသူ ၂ဝ ဦးခန့်သည် မော်တော်ယာဉ်နှစ်စီးဖြင့် လာရောက်၍ ဟောပြောနေသည့် ပုံစံများ၊ ဆန္ဒဖော်ထုတ်သည့် ပုံစံများဖြင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ၁ဝ နာရီခွဲခန့်တွင် မော်တော်ယာဉ်များဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါရဲတပ်ဖွဲ့၏ ယူနီဖောင်းဝတ်ဆင်ထားသူများမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သန္ဓေရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး အတွက် ဒေသအတွင်း၌သာ တာဝန်ထမ်းဆောင်စေရန် စုဖွဲ့ခန့်အပ်ထားသူများသာဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိစေရေး လုံခြုံရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ နေ့ညမပျက် ဆောင်ရွက်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေမှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု အထင်အမြင် လွဲမှားစေရန် ယခုကဲ့သို့ပြုမူဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများကို လိုအပ်သည့် စစ်ဆေးမှုများလုပ်ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။