ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဥကရစ်ထကျေးရွာအနီးရှိ စစ်ဗျူဟာအရေးကြီး နေရာတစ်ခုအား တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဥကရစ်ထကျေးရွာအနီးရှိ စစ်ဗျူဟာအရေးကြီး နေရာတစ်ခုအား တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ သိမ်းပိုက်ရရှိ

နေပြည်တော် ဇူလိုင်လ - ၁

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံမှုပြည့်ဝစွာဖြင့် မိမိတို့၏လူမှုစီးပွားဘ၀အား လွတ်လပ်စွာဆောင်ရွက်နိုင်စေရေးအတွက် လုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း ဥကရစ်ထစစ်ဆင်ရေးခြေကုပ်စခန်း၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော် စစ်ကြောင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက သာလွန်အင်အား အများအပြားအသုံးပြု၍ ဇွန်လ ၂၆ ရက်နေ့မှစတင်၍ အကြိမ်ကြိမ်လာရောက် တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် ဥကရစ်ထစစ်ဆင်ရေးခြေကုပ်စခန်းမှ အရာရှိ၊ စစ်သည်များ၏ မိမိ အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်မှု၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများမှ ထိရောက်စွာပစ်ကူပေးတိုက်ခိုက်မှုတို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူ များသည် စခန်းအားသိမ်းပိုက်နိုင်မှုမရှိဘဲ ထိခိုက်ကျဆုံးမှုများပြားစွာဖြင့် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဥကရစ်ထကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ လူနေတဲများရှိ ဗုံးခိုကျင်းများကို အသုံးပြုခိုအောင်း၍ မိမိတပ်မတော်စစ်ကြောင်း များအား ဆက်လက် ပစ်ခတ်တိုက်ခိုက်လျက်ရှိသဖြင့် တပ်မတော်မှလေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ များဖြင့်ပစ်ခတ်တိုက်ခိုက်ချေမှုန်းခြင်း၊ စစ်ကူစစ်ကြောင်း များအား လေကြောင်းမှ တဆင့်ပို့ဆောင်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဥကရစ်ထစစ်ဆင်ရေးခြေကုပ် ပတ်ဝန်းကျင် စစ်ဗျူဟာအရအရေးကြီးသည့် တောင်ကုန်းရှိ အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်း၊ စစ်ကူစစ်ကြောင်းတစ်ကြောင်းတို့မှ ရဲဝံ့စွန့်စားစွာဖြင့် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကိုထိရောက်စွာ အသုံးပြုတိုက်ခိုက်ခဲ့ပြီး နောက် ယနေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်။
တိုက်ပွဲဖြစ်စဉ်များအတွင်း မိမိထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများ ထိခိုက် ကျဆုံးမှုများပြားစွာဖြင့် ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် မိမိ တပ်မတော်စစ်ကြောင်းများမှ ဥကရစ်ထစစ်ဆင်ရေးခြေကုပ်သို့ ပူးပေါင်းနိုင်ရေး သိမ်း ပိုက်ရရှိသည့် ခြေကုပ်နေရာမှတစ်ဆင့် ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
တပ်မတော်အနေဖြင့် အဆိုပါဒေသအတွင်း KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ လုံးဝအခြေချနေထိုင်မှုမရှိစေရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။