ကလိန်အောင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

ကလိန်အောင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ - ၃

တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။