ကလောနှင့် တာမွေမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂ ရက် နံနက် ၉ နာရီခွဲတွင် ကလောမြို့နယ်၊ ရေယားကျေးရွာအနီးတွင် ထွန်းထွန်းဦး (ခ)ခေါင်းကြီးမောင်းနှင်ပြီး သန့်ဇင်ထွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီတွင် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဝေထက်နိုင်(ခ)မင်းထက်နှင့် ထွန်းထက်ဟိန်း(ခ)မောင်ထွန်းတို့ ၂ ဦးကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ မိနစ် ၂၀ တွင် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မိုတယ်တွင် မဇင်မင်းအောင် (ခ)ဇင်လေးနှင့် မဆုရည်မွန်(ခ)မေသဇင်လှိုင်တို့ ၂ ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၀၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)