နေပြည်တော်၊ မေ - ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန် တက်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော် ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် မေ ၇ ရက် ည ၈ နာရီခွဲ ခန့်တွင် ကလောမြို့ဘက်မှ သာစည်မြို့ဘက်သို့ ဖြူလေး(ဘ)ဦးပေါ်တင် မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့် အင်္ကျီအိတ် ကပ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၉၅၅၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ကလောမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။