ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း အား အကြမ်းဖက်သူများကမီးရှို့

နေပြည်တော်၊ မေ - ၁၆

ချင်းပြည်နယ်၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းအား ယနေ့နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် ၃ စီး၊ ရေသယ် ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြိှမ်းသတ်ခဲ့သဖြင့် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် စာသင်ဆောင် ၂ လုံးနှင့် ပရိဘောဂပစ္စည်းများ မီးလောင်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဉပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းလိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။