ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် မန္တလေးမြို့၊ တိရစ္ဆာန် ဥယျာဉ်(ရတနာပုံ)တွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ သန့်ရှင်း ရေးဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် မန္တလေးမြို့၊ တိရစ္ဆာန် ဥယျာဉ်(ရတနာပုံ)တွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ သန့်ရှင်း ရေးဆောင်ရွက်မှုအား ကြည့်ရှုအားပေး

နေပြည်တော်၊  ဖေဖော်ဝါရီ - ၈
    
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးတို့သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ပိုင်းတွင် မန္တလေးမြို့၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ တပ်မတော်သားများနှင့်မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ သန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
    
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ထိန်းသိမ်း ထားရှိသည့် တိရစ္ဆာန်များကျွေးမွေးရန်အတွက် အလှူငွေပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦး က လက်ခံရယူသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များ သည် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ဝင်းအတွင်း မန္တလေးတပ်နယ်မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    
အဆိုပါတိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အား ၁၉၈၉ ခုနှစ်၊ ဧပြီ ၈ ရက်တွင် စတင် ဖွင့်လှစ်ကာ အများပြည်သူများ သဘာဝတရားလေ့လာနိုင်ရန်အတွက် တိရစ္ဆာန်မျိုးကွဲပေါင်း ၁၀၀ မှ အကောင်ရေ ၁၀၉၂ ကောင်ကိုလည်းကောင်း၊ သစ်ပင်နှင့်ပန်းပင်မျိုးကွဲပေါင်း ၃၇၇ မျိုးမှအပင်ရေစုစုပေါင်း ၂၈၉၉၉ ပင်တို့ကိုလည်းကောင်း စိုက်ပျိုးမွေးမြူထားရှိပြီး COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၇ ရက်မှစတင်ကာ ရပ်ဝေးရပ်နီးမှ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အတွင်း လာရောက်လေ့လာလည်ပတ်ခြင်းကို ပိတ်ပင်ထားခဲ့ရာ ကာလကြာမြင့်နေပြီဖြစ်၍ သန့်ရှင်းရေးပြုလုပ်ရန်လိုအပ်နေချိန်တွင် ယခုကဲ့သို့ တပ်မတော် သားများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက လာရောက်ကူညီဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သတင်းရရှိသည်။