နေပြည်တော်၊ ဇွန် - ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအား ဇွန် ၁၂ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့်အဖွဲ့ဝင်များက ကလေးဝမြို့နယ်ခန်းမ၌ သွားရောက် တွေ့ဆုံ၍ ကြက်ဉ ၅၀၀ လုံး၊ ကုလားပဲ ၅၀ ပိဿာ၊ ရွှေဖိဦးလက်ဘက်ခြောက်ထုပ် ၅၀ ထုပ်၊ စားသောက်ဖွယ်ရာများနှင့် Mask ၅၀၀၀ ခုတို့ကို ပေးအပ်ရာ ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဇော်မိုးအောင်နှင့် ဒေသခံပြည်သူများက လက်ခံရယူကြ သည်။
အလားတူ ယနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့်အဖွဲ့ဝင်များသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်ခန်းမ၌ ကလေးမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ ကြက်ဉ ၁၀၀၀ လုံး၊ ကုလားပဲ ၁၀၀ ပိဿာ၊ ရွှေဖီဦးလက်ဖက်ခြောက် ၃၀ ထုပ်၊ COVID-19 ရောဂါကာကွယ်ရေး အထောက် အကူပြု ပစ္စည်းများဖြစ်သည့် Surgical Gown(E)၁၀၀၀၀ စုံ၊ Surgical Cap ၉၀၀၀ ခု၊ Surgical Mask ၂၀၃၀၀၀ ခု၊ Exam Glove ၅၀၀ ဖာ၊ Pluse Oxymeter ၅၀၀ ခု၊ N 95 Mask ၅၀၀၀ ခု၊ Bleaching Powder ၁၀ ပုံး၊ PPE Fullset ၄၈၀၀ စုံ၊ Goggle ၁၀၀၀ ခု၊ Virak Transport Medium(VTM)၅၀၀၀ ခု၊ Body Bag ၅၀ ခု၊ Apron ၄၀၀၀ ခု၊ Hand Gel ၁၀၀၀ ဗူးတို့ကို ပေးအပ်ရာ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်စွာထွန်းနှင့် ဒေသခံပြည်သူများက လက်ခံရယူကြသည်။
ထို့ပြင် ကလေးခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်ဆေး ကုသရေးအဖွဲ့က COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။