ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ယင်းမာပင် မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများနှင့် Mask များ ပေးအပ်

နေပြည်တော်၊ ဇွန် - ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့်အဖွဲ့ဝင်များက ယင်းမာပင်မြို့နယ် စစ်မှုထမ်းဟောင်း အိမ်ရာရှိ အောင်ဇေယျခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် Mask များ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။