ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊  ဖေဖော်ဝါရီ - ၈
    
COVID-19  ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရေးတပ်နယ်မှ တာဝန်ရှိ သူများလိုက်ပါလျက်  မွန်ပြည်နယ်၊ ရေးမြို့၊ ပုဖ္ပရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုဖ္ပရမ္မ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထား တင်ပြကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့်အဖွဲ့ဝင်များသည် ရေးမြို့၊ ထန်းခြောက် ပင်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပုဖ္ပရမ္မ  အားဖူးမြော်ပြီး သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့်အဖွဲ့ဝင်များက ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အောင်သီရိဘုရားကုန်းကျောင်းသို့သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လာ နှင့်သီလရှင်ဆရာကြီး ဒေါ်ဓမ္မထေရ်ရီထံ ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။