ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ

ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ

 

နေပြည်တော်၊ ဇူလိုင် ၁၈

 

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် ရှိ သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ် မှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူ များနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော တနင်္သာရီရေတပ်စခန်းဌာနချုပ် အသင်းအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အဖွဲ့ဝင် များက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှု အောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်းဖြင့် ဇူလိုင် ၁၀ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။