ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်အသင်းက တံခွန်စိုက်ဆုဖလားရရှိ

ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်အသင်းက တံခွန်စိုက်ဆုဖလားရရှိ

နေပြည်တော်၊ ဇွန် ၂၇

၂၀၂၂ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် သန်လျင်တပ်နယ် အားကစားကွင်း၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား သန်လျင်တပ်နယ်မှ ဗိုလ်ချုပ် ထိန်ဝင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ရေတပ်လေ့ကျင့်ရေးဌာနချုပ်နှင့် ဓညဝတီရေတပ်စခန်းဌာနချုပ်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူ များနှင့် တံခွန်စိုက်ဖလားဆုရရှိသော ရေတပ်လေ့ကျင့်ရေးဌာနချုပ်အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား တာဝန်ရှိသူများက တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါဘောလုံးပြိုင်ပွဲကို ကာကွယ် ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း (၁၄)သင်းဖြင့် မေလ ၃၁ ရက်မှ ယနေ့အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။