ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင် သန်လျင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ - ၂၇

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် သည် ယနေ့ နံနက် ပိုင်းတွင် သန်လျင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင် တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမှာစကား ပြောကြားရာ၌ လက်ရှိကာလတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ပြည်သူ အများစု လိုလားသော စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး ၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး အတွက် Road Map (၅)ချက်ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများ ၊ တပ်မတော်သည် နိုင်ငံတော်တည်ဆောက်ရေး အခန်းကဏ္ဍတွင် တစ်တပ်တစ်အား တာဝန်ကျေပွန်အောင် ဆောင်ရွက်နေမှု အခြေအနေများ ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အကူအညီပေးရန်အတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား အမြဲအသင့် ဖြစ်စေရန် ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ တပ်မတော်(ရေ)အနေဖြင့် လူသားချင်း စာနာထောက်ထားစွာဖြင့် မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား စစ်ရေယာဉ်များဖြင့် မိမိတို့နိုင်ငံသို့ ပြန်လည် ခေါ်ယူပေးနိုင်ခဲ့မှု အခြေအနေများ ၊ မြန်မာ့ပင်လယ်ပြင်လုံခြုံရေးအတွက် ပင်လယ်ပြင်နယ်စပ်မျဉ်းများ တစ်လျှောက်တွင် နှစ်နိုင်ငံရေတပ်များ ပူးတွဲ တိုက်ကင်းလှည့်ခြင်း ၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆောင်ရွက်ပေးနေမှု အခြေအနေများ ၊ တပ်မတော်(ရေ)သည် နိုင်ငံတကာ ရေတပ်များနှင့် ရင်ဘောင်တန်းနိုင်ရေး တစ်ဆင့်ခြင်းတစ်ဆင့် အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် ပင်လယ်ပြင်လေ့ကျင့်ခန်းများအား လေ့ကျင့် ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်(ရေ)၏ ကဏ္ဍကြီး(၄)ရပ် စွမ်း ဆောင်နိုင်မှု မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က သုတ ၊ ရသစာအုပ၊် စာစောင် များ ၊ အားကစားပစ္စည်းများနှင့် စားသောက်ကုန်များအား ပေးအပ်ရာ သန်လျင်တပ်နယ်မှ ဌာနချုပ်မှူးများက အသီးသီး လက်ခံရယူကြသည်။ ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ ဇနီးက သန်လျင်တပ်နယ် မိခင်နှင့်ကလေး စောင့် ရှောက်ရေး အသင်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ သန်လျင်တပ်နယ်မှူး၏ ဇနီးက လက်ခံရယူသည်။

  တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)က သန်လျင်တပ်နယ်မှ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် အမှတ်(၁) ဗျူဟာ စစ်ရေယာဉ်စုသို့ သွားရောက်၍ အရာရှိ၊စစ်သည်များအား လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။