ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ
၂၀၂၂/ဇူလိုင်လ(၂၀)ရက်
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ် ပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရ ထွန်းတင်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာန ချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ် မှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တံခွန်စိုက်ဒိုင်းဆုရရှိသည့် ဧရာဝတီရေတပ်စခန်းဌာနချုပ်အသင်းအား ကာကွယ် ရေးဦးစီးချုပ်(ရေ)ကိုယ်စား ကွပ်ကဲမှုဌာနချုပ်မှူးက လည်းကောင်း၊ ပြိုင်ပွဲအမျိုး အစားအလိုက် ဆုရရှိသူများအား တာဝန်ရှိသူများက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှု အောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြင့် ဇူလိုင်လ ၁၀ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။