ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်   ဧပြီ   ၂၈

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာ ဝတီ ရေတပ်စခန်းဌာနချုပ်၊  သီဟသူရ ထွန်းတင်ခန်းမ၌    အရာရှိ၊ စစ်သည်၊ မိသားစုများအား  တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) က စားသောက်ကုန်များ၊ သုတ၊ ရသ၊ စာအုပ်/စာစောင်များနှင့် အားကစားပစ္စည်း များ ထောက်ပံ့ပေးအပ်ရာ ဧရာဝတီရေတပ် စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီး ချုပ်(ရေ)က ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။