ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၁

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကို ယနေ့ညနေပိုင်းတွင် မိတ္ထီလာမြို့၊ မြေပြင်အတတ်သင်လေတပ်စခန်း၊ ဘောလုံးအား ကစားကွင်း၌ ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး က အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် တက်ရောက်လာကြသူများက ပြိုင်ပွဲအဖွင့်ပွဲစဉ်ဖြစ်သည့် မြေပြင် အတတ်သင်လေတပ်စခန်းအသင်းနှင့် မှော်ဘီလေတပ်စခန်းအသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇွန် ၂၀ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။