ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်

နေပြည်တော်  ဇွန်   ၇

၂ဝ၂၁ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မိတ္ထီလာမြို့၊ မြေပြင်အတတ်သင်လေတပ်စခန်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ နယ်မြေခံ လေတပ်စခန်းဌာနချုပ်များနှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိကြီးများ၊ အရာရှိ/စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ    တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်အသင်းနှင့် မြေပြင်အတတ်သင် လေတပ်စခန်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကိုကြည့်ရှု အားပေးကြသည်။

ထို့နောက်  ဆုချီးမြှင့်ပွဲကို ဆက်လက် ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများနှင့် ဒုတိယဆုရရှိခဲ့သည့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်အသင်းတို့အား တာဝန်ရှိသူများက လည်းကောင်း၊ ယနေ့ယှဉ်ပြိုင် ကစားသည့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် မြေပြင်အတတ်သင် လေတပ်စခန်းအသင်းအား ကာကွယ်ရေး ဦးစီးချုပ်(လေ)ကိုယ်စား လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၊   ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က တံခွန်စိုက်ဒိုင်းဆုအားလည်းကောင်း   အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ် စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း(၁ဝ)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စုပတ်လည် ပွဲစဉ်များကို မေ ၁၇ ရက်နေ့မှ ဇွန် ၅ ရက် နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယနေ့ယှဉ်ပြိုင်ကစားကြသည့်   ဗိုလ်လုပွဲတွင် မြေပြင်အတတ်သင် လေတပ်စခန်း အသင်းက မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်အသင်းကို  ၃ ဂိုး-ဂိုးမရှိဖြင့်   အနိုင်ရရှိကြောင်း သတင်းရရှိသည်။