ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများ ထားရှိရန် ကုသဆောင်များပြင်ဆင်ထားမှုများ အား ကြည့်ရှု

ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများ ထားရှိရန် ကုသဆောင်များပြင်ဆင်ထားမှုများ အား ကြည့်ရှု

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်၊ မရမ်းကုန်းမြို့နယ်၊ မြန်မာကွန်ဗင်းရှင်းစင်တာရှိ MCC ခန်းမ၊ လှိုင်မြို့နယ်ရှိ လှိုင် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာနှင့် လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများထားရှိရန် ကုသဆောင်များ ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံ၊ မြိတ်တက္ကသိုလ်၊ စပါးရွှေဝါ လမ်းရှိ ဇီဝိတဒါနသံဃာတော်နှင့် သီလရှင်များ ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကန်ခေါင်းရပ်ကွက်ရှိ မြိတ်ပြည်သူ့ဆေးရုံကြီးတို့၌ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာပြင်ဆင်ထားရှိမှုများကို ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။