ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် လိုအပ်သော Liquid Oxygen ဝယ်ယူရန်နှင့် ကိုဗစ်လူနာများ အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းရန် စေတနာရှင်အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် လိုအပ်သော Liquid Oxygen ဝယ်ယူရန်နှင့် ကိုဗစ်လူနာများ အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းရန် စေတနာရှင်အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၇    
    

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော Liquid Oxygen ဝယ်ယူရန်နှင့် ကိုဗစ်လူနာများ အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ လှူဒါန်းရန် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေ သကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တိုင်းဒေသကြီး ကျန်း မာရေးဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်း၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    

ဦးစွာ စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ စုပေါင်းအလှူရှင်များများမှ လှူဒါန်းငွေကျပ် ၇၇၅ သိန်းတန်ဖိုးရှိ  Oxygen Concentrator 10L အလုံး ၅၀၊ Mask ၅၀၀၀၀ ခု၊ ဦးအောင်ဝင်းနှင့် ဒေါ်ဝေဝေထွေး မိသားစုက ငွေကျပ် သိန်း ၂၄၀၊ ဦးအောင်ထွေး(Great Cairo Co.Ltd)မှ ငွေကျပ်သိန်း ၁၀၀၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ငွေကျပ်သိန်း ၅၀၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်ကြီးများအသင်းမှ ငွေကျပ်သိန်း ၅၀၊ ထက်အာကာကျော်ကုမ္ပဏီမှငွေကျပ် ၂၁၅ သိန်းတန်ဖိုးရှိ Oximeter အလုံး ၁၀၀၊ Test Kit ၁၅၀၀ ခုနှင့် Mask ၁၀၀၀၀ ခုတို့ကို အသီးသီးလှူဒါန်းကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးကောင်စီဝင်များက လက်ခံရယူကြသည်။
    

အလားတူ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဧည့်ခန်းမ၌ စေတနာရှင် အလှူရှင် ဦးရဲမင်းမိသားစုက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် ၂၀ သိန်းကို ယနေ့နံနက်ပိုင်းတွင် လာရောက် ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။