ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် မြို့ရွာသန့်ရှင်း သာယာလှပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေး လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ လုပ်ငန်းကော်မတီများခွဲ၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြ ရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။