ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများသို့ လှူဒါန်းမည့် ခုတင်(ကတ္တူချပ်ဖာ)များ သယ်ယူပို့ဆောင်ပေး

ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများသို့ လှူဒါန်းမည့် ခုတင်(ကတ္တူချပ်ဖာ)များ သယ်ယူပို့ဆောင်ပေး

နေပြည်တော်၊ ဇူလိုင် - ၃၁    

    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း ကိုဗစ်-၁၉ လူနာများ ကုသရာတွင် အသုံး ပြုရန်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ၊ အောက်ဆီဂျင် Plant များကို သက်ဆိုင်ရာ ဆေးရုံများသို့ ပေးအပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ကော့သောင်းမြို့ရှိ စေတနာရှင်အလှူရှင်တစ်ဦးမှာယူ ထားသည့် လူနာခုတင်(ကတ္တူချပ်ဖာ)များကို ထိုင်းနိုင်ငံဘက်မှ ရေယာဉ်ဖြင့် ထိုင်း- မြန်မာကော့သောင်းနယ်စပ် ဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ခုတင် ၄၀၀ လုံးထပ်မံရောက်ရှိခဲ့သည်။
အဆိုပါ ခုတင်များအား တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်- ၁၉ ရောဂါကုသရေးအတွက် ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို တပ်မတော် မော်တော်ယာဉ်များဖြင့် ဆက်လက်ကူညီပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။