ကော့ကရိတ်မြို့နယ်အတွင်း KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်

ကော့ကရိတ်မြို့နယ်အတွင်း KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်

နေပြည်တော်၊ ဩဂုတ် - ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြို့အထွက်ရှိ ခင်နိမ်းမူဂိတ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့အား ယနေ့နံနက်ပိုင်းတွင် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် မော်တော်ယာဉ်များဖြင့် လာရောက်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်သမားများသည် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ မြို့နယ်ဥပဒေရုံးအတွင်း သို့ ဝင်ရောက်၍ စာရွက်စာတမ်းများအား မီးရှို့ဖျက်ဆီးပြီး အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါအကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်းနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။