ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အဝင် စစ်ဆေးရေးဂိတ်၌ KKO အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၂၃
    
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အဝင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဧပြီ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့ဘက်မှ ကျုံဒိုးမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ KKO အဖွဲ့မှ စောမိုသာ(ဘ)ဦးဖရှောင် နှင့် စောဖောရှုး(ဘ)ဦးဝင်းခင်း တို့ ၂ ဦးကို အမ် ၁၆ ကျည်ခွံ ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ KNU လက်မောင်းတံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ DKBA လက်မောင်း တံဆိပ် ၂ ခု၊ D.K.B.ARMY တံဆိပ် ၁ ခု၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိသူများအား တရားဉပဒေအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။