ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား၌ လက်လုပ်မိုင်း ၂ လုံးအား အချိန်မီဖော်ထုတ်သိမ်းဆည်း

ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား၌ လက်လုပ်မိုင်း ၂ လုံးအား အချိန်မီဖော်ထုတ်သိမ်းဆည်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂၇

          ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကော့ကရိတ်-မြဝတီသွား အာရှ လမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး ကော့နွဲ့တံတားအောက်၌ လက်လုပ်မိုင်း ၂ လုံး အား အချိန်မီဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည်။

          ဖြစ်စဉ်မှာ ငြိမ်းချမ်းမှုကိုလိုလားသော ပြည်သူလူထုအချို့သတင်းပို့ချက်အရ အကြမ်းဖက်လုပ်ရပ်ကို လက်ခံသော KNLA လက်အောက်ခံတပ်မှူးအချို့နှင့် NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများက မြဝတီ-ကော့ကရိတ် အဓိကဆက်သွယ်ရေး လမ်းမကြီးအား ခရီးသွားပြည်သူများနှင့် ကုန်စည်စီးဆင်းမှုရပ်တန့်စေရန် ရည်ရွယ် ချက်ဆိုးဖြင့် ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူ ကွန်ကရစ် တံတားကြမ်းခင်းအောက်၌ ဖောက်ခွဲရန်အသင့်ဖြစ်နေသည့် ယမ်းအပြည့် ဖြည့်လျက် စနက်ကြိုးတပ်လျက် ၅ ဂါလန်ပုံး ၂ ပုံးအား ဆင့်လျက်တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီရှင်းလင်းနိုင်ခဲ့သည်။ ဖြစ်စဉ်နေရာတဝိုက်နှင့် ပတ်ဝန်းကျင်နယ်မြေအတွင်း ပတ်သက်ဆက်စပ်သူများအား ဖော်ထုတ်ရရှိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။