ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင် ကင်းမွန်မီးထွန်းလှေတစ် စီး ဖမ်းဆီးရမိ

နေပြည်တော် ၊ နိုဝင်ဘာ - ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီ ၅ မိနစ်ခန့်တွင် ပြင်စဘုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၆ မိုင်ခန့်အကွာ၌ အလျား ၅၅ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၅ ပေခန့်ရှိ သုတကျော်အမည်ရှိ တရားမဝင် ကင်းမွန် မီးထွန်း လှေပေါ်မှ အမျိုးသား ၉ ဦးကို ဘိန်းစာမှုန့် ၃ ထုပ်၊ ၁၅၀ ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀) WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လှေနှင့် မူးယစ်ဆေးဝါးများအား ကျွန်းစုမြို့နယ်၊ မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။